ကျနော်တို့အနေနဲ့  ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီရဲ့မူဝါဒကိုပြောပြပြီးတော့ စည်းရုံးဟောပြောသွားမယ်။ ပါတီရဲ့မူဝါဒလေးရပ်ကို ပြောပြပြီးတော့ လူထုကိုစည်းရုံးမှာပါ။ ရခိုင်အမျိုးသားပါတီက ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီဖြစ်တဲ့အတွက် ရခိုင်အမျိုးသားအကျိုးစီပွားရေး ဆောင်ရွက်ပြီး ပြည်သူဆန္ဒနဲ့ အညီဆောင်ရွက်မှာပါ

နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည်ဟု သတင်းမီဒီယာသမားများက ဝေဖန်ကြသည်။

ရမ်းဗြဲမြို့နယ်အတွင်းမှ ကျောက်ချောင်းတိုက်နယ်တွင် လာမည့် ၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုတည်ဆောက်နိုင်ရန်အတွက် မြေနေရာရှာဖွေမှုများကို တာဝန်ရှိသူ များမှ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(FFM)က သြဂုတ်လ ၂၇ ရက်နေ့တွင်  ထုတ်ပြန်လိုက်သော အစီအရင်ခံစာကြောင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံသာမက နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊အမျိုးသား၊ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ထိခိုက်စေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စစ်တွေ - မင်းဘူး ရထားလမ်း ဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်- ကျောက်ဆိပ် ရထားလမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော လယ်သမား၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧက ခန့်အတွက် လျှော်ကြေးပေးအပ်ရန် အစီအစဉ်မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက သြဂုတ်လ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောသည်။