ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လာမည့် ၂၀၁၉ ခုနှစ် အတွင်း အစိုးရနည်းပညာ ကျောင်းတစ်ကျောင်း တည်ဆောက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျင်းပခဲ့သော ရခိုင်လူငယ်ညီလာခံတွင် မာရမာကြီးနှင့် ကမန်တိုင်းရင်းသားများကို အကြောင်းအမျိုးမျိုးကြောင့် မဖိတ်ခေါ် နိုင် ခဲ့သော်လည်း လာမည့် ညီလာခံများတွင် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်လူငယ်ညီလာခံ ဆိုင်ရာသတင်းစာ ရှင်းလင်းပွဲနှင့် လုပ်ငန်းတာဝန်များလွှဲပြောင်းပေးပွဲ အခမ်းအနားကို  စစ်တွေမြို့ရှိ အာရီယန်စားသောက်ဆိုင်တွင်  သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာတွင်ရှိသော ကျေးရွာပိုင်ပေါ်တွင်ပု ဂ္ဂိလိကပိုင်အဖြစ် ခြံထိုးနေသဖြင့် ကျေးရွာသားအများစုမှ မကျေနပ်ကာ ၄င်းခြံအားဖျက်ပြီး ကျေးရွာပိုင်မြေအဖြစ် ခြံစည်းရိုးကာရုံသည့် ဖြစ်စဉ်တစ်ခု သြဂုတ်လ ၁၈ ရက်နေ့ နေ့ပိုင်းက ယိုးတရုတ်ကျေးရွာတွင်ဖြစ်ပွားခဲ့သည်။

မောင်တောမြို့၊ ရွှေစားကျေးရွာအုပ်စု၊ ရွှေစားတံတားအနီး တွင်  သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂါလားဒေရှ့် နိုင်ငံဖက်သို့ တင်ပို့မည့် ဂျင်းများသယ်ဆောင်လာသော ယဉ်တစ်စီးအတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့မစခန်းမှူ ဒုရဲမှူး ကျော်မျိုးထက်ကပြောသည်။