စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းရှိ အိမ်အမှတ် ၁၅၃ တွင် ဖွင့်လှစ်ထားသော Development Media Group (DMG) ရုံး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ မနက်အာရုံတွင် ဖောက်ထွင်းခံရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့၏ ရသေ့တောင်စာဟောပြောပွဲတွင် ဟောပြောခဲ့သော တိတ်ခွေအသံဖိုင်စစ်ဆေးခြင်းကို သြဂုတ်လ ၁၃ ရက်နေ့ ၂၁ ကြိမ်မြောက်ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် နောက်တစ်ပတ် ရုံးချိန်းမှာ သူတို့နှစ်ဦး၏အမှုကို စွဲချက်တင်မတင် လျှောက်လဲချက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းက မြဒေးကျွန်းမြစ်ရေပြင်မှာ ညစ်ညမ်းရေတွေ ဖြစ်ပေါ်နေတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီး ရေကိုနမူနာယူစမ်းသပ်စစ်ဆေးတဲ့အခါ အဲဒီညစ်ညမ်းရေမှာ ရေနံပါဝင်မှု မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောကြောင်းကို သြဂုတ်လ ၁၂ ရက်နေ့မှာ Popular News Journal က ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်တွင် ကျရောက်သော ၅၁ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ်ရုံးတွင် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာဘင်္ဂါလီများပြန်လာရေးအတွက် ကောင်းမွန်သည့်အခြေအနေကို ဖန်တီးပေးရန်လိုကြောင်း ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန်ခရီးစဉ်လာရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Abul Hassan Mahmood Ali မှ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောသည်။