ယခုနှစ်မိုးရာသီအတွင်း ရခိုင်ပြည်နယ်တွင် ဆန်ဈေးနှုန်းအလွန်မြင့်တက်နေပြီး ဧပြီလကနေ ဆန်တစ်အိတ်ကို အမြင့်ဆုံး ၃၂၀၀၀ ကျပ်မှ ယခု ၄၅၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ဆန်ပွဲရုံပိုင်ရှင် ဦးအောင်တိုးရွှေက ပြောသည်။

ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ရခိုင်အမျိုးသားပါတီ (ANP) တွင် မြို့နယ်ပေါင်းစုံမှ လူငယ်များ မျက်နှာစုံအစည်းအဝေးတစ်ခုကို ကျောက်တော်မြို့၌ ယခုလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ ရသေ့တောင် ဟောပြောချက်အသံဖိုင်အား လာမည့်သြဂုတ်လ ၆ ရက်နေ့ အကြိမ် ၂၀ မြောက် ရုံးချိန်းတွင် စစ်တွေခရိုင် တရားရုံး၌ ဖွင့်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် နတ်မြစ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂါဒေရှ့်နိုင်ငံသား (၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြာများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ အစောပိုင်းက ကျေးရွာဖြိုဖျက်ခံလိုက်ရသော မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာသားများကို ကျောက်ပန်းဒူကျေးရွာ ဆရာတော်မှ ယာယီနေထိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။