သင်္ဘောကွေ့ကျေးရွာ တည်ထောင်ရာတွင် ဦးဆောင်သူများဖြစ်သည့် ဦးထွန်းမြင့်​ဦး နှင့်​ သူ၏ဇနီး ​ဒေါ်ဥမ္မာကျော်​တို့ကို မောင်​​တောမြို့နယ် တရားရုံးတွင် ဇူလိုင်လ (၁၆) ရက်နေ့က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး တရားရုံးခွင်​သို့ မတက်​​ရောက်နိုင်​သည့်​ ကို​အောင်​နိုင်​ကိုတော့ မြို့ နယ်​တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း ၄င်းတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကောလိပ်အပါအဝင် တက္ကသိုလ် စုစုပေါင်း ၆ ကျောင်းရှိပြီး ယင်းကျောင်းများမှ ကိုယ်စားလှယ်များဖြင့် တပြည်နယ်လုံးကိုယ်စားပြု ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် ရခိုင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုးစားနေကြသည်။

ကျေးရွာ ၁၂ ရွာပါဝင်မည့် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ကို မြို့ခွဲအဖြစ်သတ်မှတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၇ မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း ချေးငွေပြန်ဆပ်သူ နောက်ကျ၍ ဇူလိုင်လအထိ တိုးမြှင့်ကာ သြဂုတ်လ ၁ ရက်နေ့မှ စပြီး ထပ်မံချေးငွေပေးသွားမည်ဟု မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရသည်။

နိုဝင်ဘာလတွင် ကျင်းပတော့မည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် ကျင်းပသည့်အခါ ပါတီစွဲ၊ ဒေသစွဲမထားဘဲ ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ပြောသည်။