နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အမှု ၃ မှုနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ယနေ့ဇူလိုင်လ ၁၆ ရက် နေ့တွင် (၁၇)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မောင်​​တောမြို့ အ​ရေး​ပေါ်ကူညီ​ထောက်​ပံ့​ရေး​ကော်​မတီမှ ဦးစီးပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရွာလုံးကျွတ်နီးပါး မီးလောင်သွားခဲ့သည့် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာနှင့် ဇွန်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျပြီး နေအိမ်များပျက်စီးဆုံးရှုံးသွားသည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ရေဘေးသင့်ကျေးရွာများသို့ အလှူငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေအနီးတွင် ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကျောက်တင်ဆောင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့က အစိုးရ၏ ပြောင်းရွှေ့ဖျက်သိမ်းခြင်းကို ခံလိုက်ရသည့် သဘောင်္ကွေ့ကျေးရွာမှ လူဦးရေ ၁၀၀ ကျော်ခန့်မှာ နေထိုင်ရေးအခက်အခဲများ ဖြစ်ပေါ်နေပြီး သဝင်ချောင်းကျေးရွာ၊ ခွဆုံပြင်ကျေးရွာနှင့် ကျောက်ပန္ဒူကျေးရွာများတွင် နေရာချထားခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု ရှိမလာသေးကြောင်း သိရသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေတစ်လျှောက်တွင် လာရောက်ရေကစားသူများ အန္တရာယ်မဖြစ်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။