မာန်အောင်မြို့ပေါ်ရှိ အနောက်စု မီးသင်္ဂြီုဟ်ဖို ပျက်စီးနေမှုကို  Myanmar Idol Season 2 Winner တေးသံရှင် သားငယ်၏ မတည်လှူဒါန်းငွေ ၁၇ သိန်းဖြင့် ပြန်လည်ပြုပြင်နေကြောင်း သိရှိရသည်။

ဇူလိုင်လ ၉  ရက်နေ့က အစိုးရ၏ ဖြိုဖျက်ပြောင်းရွေ့ခြင်းကို ခံလိုက်ရသည့် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာသားများအတွက် နေရာထိုင်ခင်းတစ်ခု ရရှိလာစေရန် ရခိုင်အမျိုးသားပါတီအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရိုးရာလက်ရက္ကန်းအပြင် စက်ရက္ကန်းလုပ်ငန်း ဖွံဖြိုးတိုးတက်ရန်အတွက် နည်းပညာများလိုအပ်နေ၍ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရကြောင်း ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူများ ထံမှသိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သင့်သည့်အတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဝင်မပြိုင်ခြင်း ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာ စန်းရွှေက ပြောသည်။

သတ္တမကြိမ်မြောက်ရခိုင်သာခြင်းစာဆို တန်ခိုးဆရာထွန်းစာပေဆုပြိုင်ပွဲ၊ ပြိုင်ပွဲဝင် စာမူများကို ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဖိတ်ခေါ်လျှက်ရှိကြောင်းသိရသည်။