ပညာရေးဝန်ကြီးဌာနအောက်တွင် နေ့စားလပေးအဖြစ်နှင့် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို အမြဲတမ်းဝန်ထမ်းများအဖြစ်ခန့်ပေးရန် ရခိုင်ပြည်နယ်ရှိ နေ့စားရုံးဝန်ထမ်းများက တောင်းဆိုနေကြသည်။

၂၀၁၈-၂၀၁၉ ခုနှစ် (၆) လတာဘဏ္ဍာနှစ်တွင် ဝင်ငွေနည်း၍ မောင်တောမြို့နယ်စည်ပင်သာယာရေး လုပ်ငန်း အားလုံးနီးပါး ရပ်နားရမည်ဖြစ်ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ပြည်နယ်နှင့် မိမိတို့လူမျိုးမှာ အလွန်စိုးရိမ်စရာကောင်းသော စိန်ခေါ်မှုများကြားတွင် ရောက်ရှိနေသည်ကို အမြဲသတိထားပြီး စည်းစည်းလုံးလုံးနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဇွန်လ ၂၉  ရက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးအပြီးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။

မောင်တောမြို့သူမြို့သားများ ရေကောင်းရေသန့် သုံးစွဲနိုင်ရေး မြကန်သာဆည်နှင့် ဗောဓိကုန်းဆည်ပြုလုပ်ရန် ဘတ်ဂျက်တောင်းခံမှု ရခိုင်ပြည်နယ်အစိုးရက ပယ်ချလိုက်ကြောင်း မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အဖွဲ့ဝင်ကုမ္ပဏီများသည် လွန်ခဲ့သော ၂၀၁၇- ၂၀၁၈ ဘဏ္ဏာရေးနှစ်အတွင်း ဆောင်ရွက်ပြီးခဲ့သည့် လူမှုတာဝန်သိလုပ်ငန်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်းသိရသည်။