- Details
- ချလူးအောင်
- Hits: 1544
- မောင်တော
မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းဘင်္ဂါလီကျေးရွာသို့ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တောဆင်ရိုင်း ၉ ကောင်ဝင်ရောက်ခဲ့သဖြင့် ရွာသားများက မီးတုတ်များဖြင့် ခြောက်လှန့်ခြင်း၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် မိုးပေါ်ထောင်ကာ ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။
- Details
- ချလူးအောင်
- Hits: 837
- မောင်တော
မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာက ဒေသခံတစ်ဦးသည် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တုံးချောင်းဝအတွင်း ငါးရှာဖွေနေနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 1029
- ကျောက်တော်မြို့
ကျောက်တော်မြို့နယ် သရက်တပင်၊ ဆင်အိုးချိုင်နှင့် ကြာညိုပြင်ကျေးရွာတို့တွင် တောင်သူ လယ်သမားများထံမှ လူတချို့က ငွေချေးပေးနေခြင်း၊ လယ်ယာမြေပိုင်ဆိုသည့် စာရွက်စာတမ်းများ မိတ္တူကူးယူခြင်းနှင့် စာရွက်စာတမ်းများ ကြေးအဖြစ် ငွေကျပ် ၂၀၀၀ ကနေ ၅၀၀၀ ကျပ်အထိ လိမ်လည်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
- Details
- ခင်သရဖီဦး
- Hits: 907
- တောင်ကုတ်
တာင်ကုတ်မြို့ရှိ တောင်ကုတ်ဒီဂရီကောလိပ်တွင် သုံးဘီးဆိုင်ကယ်စီးနင်းခ ကျပ် ၄၀၀ အထိ မြင့်တက်လာ၍ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
- Details
- ခိုင်ရိုးလ
- Hits: 2000
- မောင်တော
မောင်တောခရိုင်အတွင်းမှ တက္ကသိုလ်တက်ရောက်မည့် ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲတစ်ခုဖွင့်လှစ်ရန် စီစဉ်နေကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တာဝန်ယူထားသည့် ဒေါက်တာဝင်းနိုင် ပြောသည်။
Page 559 of 615









