ပင်လင်ပြင်တွင် ရေတပ်မှ လက်နက်ကြီးများဖြင့် စမ်းသပ်မည်ဆိုသောကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေအားလုံးကို ရေတပ်မှ သုံးရက်ငါးမဖမ်းရဟု ပိတ်ပင်ထားကြောင်း ဂွမြို့နယ်ငါးဖမ်းလုပ်နင်းရှင်းအသင်းက သိရသည်။

  မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများဖြစ်သည့် တရိန်း၊ ဂြစ်ချောင်း၊ နန်းရာကိုင်း၊ လောင်းဒုံကျေးရွာများမှ ရခိုင်၊ မြို၊ ဒိုင်းနက်ခလေးလူငယ် ၈ဝ ခန့်မှာ မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက မှန်လုံကားကြီး (၂) စီးဖြင့် မိဘအုပ်ထိန်သူများလိုက်ပါပြီး အငူမော်လမ်းမှ စစ်တွေမြို့နှင့် သူတို့၏ ဆွေမျိုးများ မိတ်ဆွေများရှိရာ ရခိုင်ပြည်နယ်အတွင်းက အခြားမြို့ရွာများကို ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်နှံနိုင်ရန်အတွက် ထွက်ခွာသွားကြကြောင်းသိရသည်။

ရခိုင်လူငယ်ထုတစ်ရပ်လုံးနှင့် ပတ်သက်ပြီး မည်သည့်ကိစ္စမဆို မူဝါဒများရေးဆွဲပါက ရခိုင်လူငယ်ထုကိုယ်တိုင် ရေးဆွဲပြဌာန်းမည်ဟု ရခိုင်လူငယ်ညီလာခံမှ မေလ ၉ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဘဝတူ ကချင်ညီနောင်များနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းမှ မေလ ၉ ရက်နေ့က သဘောထားထုတ်ပြန်သည်။

မောင်တော-အငူမော်လမ်းရှိ သဝင်ချောင်းကျေးရွာအနီးတွင် မေလ ၈ ရက်နေ့က WY စိတ်ကြွ ဆေးပြား တစ်သိန်းရှစ်သောင်းကျော် သယ်ဆောင်လာသူအား နယ်မြေရဲကင်းစခန်းမှ သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။