ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရာတွင် ဘာသာလူမျိုးခွဲခြားမှုမရှိဘဲ၊ မြန်မာနိုင်ငံတွင် နေထိုင်ဖူးသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဆေးရုံတွင် အရေးပေါ်အခြေအနေများမှာ ကုသရန်အတွက် ဆေးဝါး များနှင့် စက်ကိရိယာများ လိုအပ်လျက်ရှိနေသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဒေသခံများက စိုးရိမ်မှု ရှိနေကြသည်။

ဘူးသီးတောင်မြို့နယ်၊ သပြေတောကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါဝင် ၅ ဦးနှင့် ဘင်္ဂါလီ ၂ ဦးတို့ကို သတ်ဖြတ်မည်ဟု ARSA အဖွဲ့မှ ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ရခိုင်လူမျိုးနှင့် ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ရက္ခိုင့်အမျိုးသားတပ်မတော်တစ်ခု ပေါ်ပေါက်လာစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော်မှ ကြိုးပမ်းနေကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် ဇရပ်ပြင်အုပ်စု ဇရပ်ပြင်ကျေးရွာ အထက စာသင်ကျောင်းရှေ့က ဘောလုံးကွင်းကို သရက်ချိုအုပ်စုနှင့် ဇရပ်ပြင်အုပ်စုသို့ ဆက်သွယ်မည့် ရွာချင်းချက်လမ်း ဖောက်လုပ်ထားမှုကို ဆရာ၊ ဆရာမများက အလိုမရှိကြောင်း သိရသည်။