လာမည့် ၆ လတာဘတ်ဂျက်တွင် မူလအဆိုပြုချက်မှာ မပါဘဲ ရခိုင်ပြည်နယ်အစိုးရမှ အသစ်အဆိုပြု တောင်းဆိုထားသော လုပ်ငန်း ၂၀ ထဲမှ ၆၉ ရာခိုင်နှုန်းကို လမ်းခင်း၊လမ်းပြုပြင်ရာ၌ အသုံးပြုသွားမည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ သိရသည်။

ပြည်ထောင်စုအစိုးရကနေ တိုင်းနှင့်ပြည်နယ်ကို နှစ်စဉ်ထောက်ပံ့နေသည့် ပြည်ထောင်စုဘတ်ဂျက်ထောက်ပံ့ငွေမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာခုနှစ်အတွင်း ရခိုင်ပြည်နယ်က ကျပ်သန်းပေါင်း ၁၄၂၃၉၃ သန်း ရရှိပြီး အဆင့် ၆ မှာရှိနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းဌာနမှ သိရသည်။ 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုအား ဆိုလာစနစ်ဖြင့် ၂၄ နာရီမီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မာန်အောင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့၏ အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်သည့် ဘဝမ်းပွဲတော်ကို ယခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၆ ရက်တိုင်တိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ထူးချွန်သည့် တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ဇာမရီပညာရေးဖောင်ဒေးရှင်းမှ ၂၀၁၈ - ၂၀၁၉ ခုနှစ်အတွက် အခမဲ့ပညာရေးသင်ကြားနိုင်ရန် Scholarship ခေါ်ယူနေကြောင်း သိရသည်။