ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၁ ဦးရှိသည့်အနက် လေးဦးသာအနိုင်ရခဲ့ပြီး ၎င်းလေးဦးလုံးသည် ရခိုင်အမျိုးသားပါတီ(ANP) မှဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ပယ်မဲနှင့်ပျောက်မဲ အရေအတွက်စုစုပေါင်း လေးသောင်းနှစ်ထောင်ကျော်ရှိခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယခုကာလ တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျလာနေချိန်အတွင်း ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို သွားလာခွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခြားရောဂါအခံမရှိဘဲ Covid-19 ပိုးတွေ့လူနာ အမျိုးသမီး တစ်ဦး နိုဝင်ဘာလ ၂၀ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် အစိုးရမှပေးအပ်သည့် ထောက်ပံငွေကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။