ကျောက်ဖြူမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကလေးငယ်များအပါအဝင် လူ ၂၂ ဦး ခွေးရူးအကိုက်ခံရကြောင်း ကျောက်ဖြူပြည်သူ့ဆေးရုံမှတ်တမ်းအရ သိရသည်။

အေပီသတင်းဌာနကို ကိုးကားပြီး ဗွီအိုအေ၊ ဘီဘီစီနှင့် အာအက်အေ စသည့် သတင်းဌာနများတွင် ကျယ်ပြန့်စွာ ရေးသားနေသော ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသော ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့ ပါဝင်သည့်အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက တောင်ပြိုလက်ဝဲမြို့အနီး နယ်စပ်ခြံစည်းရိုးအပြင်ဖက်တွင် ယာယီတဲအိမ်များဆောက်လုပ်နေထိုင်နေကြသည့် ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် သက်ရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် ဇန်ဝါရီလ ၃၀ ရက်နေ့ ညနေက မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်ခဲ့သူများကို ပုဏ္ဏားကျွန်းရဲစခန်းတွင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာ-ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူးအဆင့် အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ BGB 34 တပ်ရင်းမှူးကြီး Monzural Hassan Khan ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာဖက်မှ နယ်မြေ (၃) တပ်ရင်းမှူးကြီး ဒုရဲမှူးကြီး စောဇေယျာလင်း ဦးဆောင်သည့်အဖွဲ့တို့ အလံတင်အခမ်းအနားပြုလုပ်ပြီး နှစ်နိုင်ငံအခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။