မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခနှင့် ပတ်သက်ပြီး စစ်ဆေးခံရန် ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက မြောက်ဦးသို့ ရောက်ရှိနေပြီး တစ်ပတ်ကြာစစ်ဆေးခံပြီးနောက် ဇန်နဝါရီလ ၃၀ ရက်နေ့ မြောက်ဦးမှ စစ်တွေသို့အပြန် ရန်ကုန်-စစ်တွေကားလမ်းဘေး ပုဏ္ဏားကျွန်းမြို့နယ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

မောင်တောမြို့နယ် လုံခြုံရေးအတွက် မြင်းလွှတ်နယ်မြေရဲစခန်းနှင့် ခမောင်းဆိပ် နယ်မြေရဲစခန်းတို့နှစ်ခုကို တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြား ကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို သူစီးနင်းလာသည့် ကားနှင့်အတူ ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းရဲစခန်းက DMG သို့ အတည်ပြုပြောကြားသည်။

ကျောက်တော်မြို့ရှိ လူနေအိမ်နှစ်လုံးနှင့် လဖက်ရည်ဆိုင်တစ်ဆိုင်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညဥ့်အချိန်က မီးရှို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့မှုမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဦးဝင်းရွှေမောင်၏ နေအိမ်နှင့် ၄င်း၏ယောက်ဖဖြစ်သူ နေအိမ်တို့အပြင် နောင်နောင်လဖက်ရည်ဆိုင်တို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရသေ့တောင်နှင့် မြောက်ဦးကိစ္စများတွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဟု အစိုးရကထုတ်ပြန်ထားသည့်အတွက် ရခိုင်အမျိုးသားပါတီအနေဖြင့် ယင်းသို့အရေးယူခံရမည့်သူများကို ဥပဒေနှင့်အညီ ဖြစ်စေရန် အကူညီပေးသွားမည်ဖြစ်သည်။

ယင်းဖြစ်စဉ်များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ၊ အရေးယူခံရမည့်သူများကို ဥပဒေပိုင်းဆိုင်ရာ အကူအညီများ ပေးနိုင်ရန်အတွက် ရှေ့နေ ၆ ဦးပါဝင်သည့် ဥပဒေအထောက်အကူပြု ကော်မတီတစ်ရပ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ (ANP) က ဖွဲ့စည်းလိုက်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဌ ဒေါ်အေးနုစိန် (တရားလွှတ်တော် ရှေ့နေ) က ပြောသည်။