မြန်မာနိုင်ငံမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ပင်လုံညီလာခံကို အကောင်အထည်ဖော်နေသည့်ကာလအတွင်း တိုင်းရင်းသားလူမျိုးတစ်ခု၏ ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဖမ်းဆီးခြင်းသည် တိုင်းရင်းသားညီညွှတ်ချစ်ကြည်ရေးကို ထိခိုက်စေသောကြောင့် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည်က မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်မျိုးစောင့်အုပ်စု ARG မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ့ပိုင်းကဖြစ်ပွားခဲသည့် မြောက်ဦးပဋိပက္ခအတွင်း သေဆုံးဒဏ်ရရှိသူများ၏ မိသားစုဝင်များကို ဒုတိယအကြိမ် အလှူငွေပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရသော ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) မှ ဥပဒေဘောင်အတွင်းက ရသမျှကိုကူညီဆောင်ရွက်ပေးသွားမည်ဟု ANP ဒုတိယ ဥက္ကဌ ၂ ဒေါ်အေးနုစိန်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေသည့်အတွက် ရာထူးမှ ရပ်စဲရန်  ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီးနောက် သမ္မတထံတင်ပြရာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သမ္မတက ၄င်းအား ရပ်ထူးမှ ရပ်စဲလိုက်သည်။  

မြောက်ဦးပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူနှင့် ပတ်သက်ပြီး ပစ်မိန့်ပေးသည့် အစိုးရမှာသာ တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါ ဒု- ဥက္ကဌ ဦးခိုင်ပြည်စိုးမှ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက မြောက်ဦးဒေသခံများနှင့် တွေ့ဆုံစဉ် သုံးသပ်ပြောဆိုခဲ့သည်။