လူငယ်စာရေးဆရာ ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားသည်ဆိုသောကြောင့် ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ဖမ်းဆီးခဲ့သော်လည်း ယခုအချိန်ထိ မိသားစုကို တစုံတရာ အကြောင်းမပြန်သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြောက်ဦးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့က လူအုပ်စုကို သေနတ်ဖြင့် ပစ်ခတ်ပြီး ဖြိုခွဲခြင်းသည် မတော်တဆလုပ်ရပ်မျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်သည့် ပြစ်မှုမျိုးဖြစ်ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) က ယနေ့ (ဇန်နဝါရီလ ၁၇) သဘောထား ထုတ်ပြန်လိုက်သည်။

မြောက်ဦးမြို့မှာ မနေ့ညက (ဇန်နဝါရီ ၁၆) ဖြစ်ပွားခဲ့သည့် မြို့ခံများနှင့် နယ်မြေခံ ရဲများကြား ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အာဏာ ကျဆုံးခြင်း ကျင်းပခွင့်မရသည့်အပေါ် ပဋိပက္ခဖြစ်ပွားကြရာ လူအုပ်နောက်ဆုတ်ချိန်တွင် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသူများက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမှာ ပစ်ခတ်မှုကြောင့် ယနေ့ နံနက်ပို်င်းအထိ သေဆုံးသူ ၉ ဦးအထိရှိလာပြီ ဖြစ်ကြောင်း မြောက်ဦးဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG သို့ ပြောသည်။

စာရေးဆရာ ဝေဟင်အောင်ကို ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က သူရဲ့ယောက္ခမ အိမ်ကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ အချိန် ၁ နာရီခန့် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။