ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား ပဏမလုပ်ငန်းစဉ်အဖြစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (EIA) နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ချက် (SIA) တို့ကို မကြာမီကာလတွင် စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

 
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (MPC) ၏ ဒုတိယ ဥက္ကဌ ဖြစ်သော သတင်းစာဆရာကြီး ဦးအောင်လှထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ (ဇန်နဝါရီလ ၁၅) တွင် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး အမိန့် ထုတ်ပြန်ချက်အရ သိရသည်။

သမိုင်းသုတေသီများပါဝင်မည့် "Seminar on Sanskrit Literature of Rakhine " ဟု ခေါင်းစဉ်ပေးထားသည့် ရခိုင်သုတေသနစာတမ်းဖတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ် ပုဂံခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အတွင်း အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ကျောက်ဖြူမြို့နယ်က အသက် ၁၈ နှစ်အောက်နှင့် ၁၈ နှစ်အထက်ကို စာရင်းကောက်ခံသွားမည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဥက္ကဌ ဒေါက်တာ စိုးဝင်းက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သက္ကယ်ပြင်ကျေးရွာ ဗလီအနီးရှိ ရေကန်အတွင်းမှ လက်နက်မျိုးစုံပါဝင်သည့် ၃၂ လက်ကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ရှိခဲ့ကြောင်း အောင်မင်္ဂလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။