မောင်တောမြို့နယ်က မျက်စိဝေဒနာရှင်များအား ဒေါက်တာ မြအောင် ဦးဆောင်သော သီတဂူအာရှတော်ဝင် မျက်စိကုသရေးအဖွဲ့မှ အခမဲ့ ကွင်းဆင်းလာရောက် ကုသပေးမည်ဖြစ်သည်။

အမည်မသိ အလောင်းများ တူးဖော်တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ကျောင်းဆရာ ဦးထွန်းအေးကို ဇန်နဝါရီလ ၁၂ ရက်နေ့က မောင်တောတရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း ၄င်းရှေ့နေထံမှ သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချီခြင်း ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ရခိုင်တွင်ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချီခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သော ရခိုင်လူငယ်များထံမှ သိရသည်။

မောင်တောမြို့နယ် အင်းဒင်သုသာန်မှာ သတ်ဖြတ်ပြီး မြေမြုပ်ထားသော အလောင်း ၁၀ လောင်း တူးဖော်ရရှိမှု ကိစ္စနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အင်းဒင်ကျေးရွာသား (၄) ဦးထဲက (၃) ဦးမှာ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ရွာသားများထံမှ သိရသည်။

မောင်တောမြို့နယ်၊ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ရက်ရက်စက်စက်ဖြတ်ဖြတ်ခံထားရသော တရိန်းကျေးရွာသားတစ်ဦး၏ အလောင်းအားတွေ့ရှိရကြောင်း တရိန်းဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ် ၊ စံကားပင်ရင်းကျေးရွာအုပ်စု ၊ တရိန်း(မြို)ကျေးရွာမှာ ဦးလောင်းပျော် (အသက် ၄၅ နှစ်)ဖြစ်သည်။