ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းပေါ်က နေအိမ်တစ်လုံးမှာ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုလိုနီခေတ်က ပြဌာန်းခဲ့သော ၁၉၂၃ ခုနှစ် အစိုးရလျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းဌာနက သတင်းထောက် ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ကို တွေ့ခွင့်မရသည့်အတွက် မိသားစုဝင်များက အလွန်စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် လူငယ်များအတွက် ဖုန်းပြုပြင်နည်း၊ လျှပ်စစ်ဂဟေ၊ ပန်းရံ၊ လက်သမားပညာများနှင့်ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက သင်တန်းပေးနေကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။ 

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿာန်၌ တွေ့ရှိသည့် အမည်မသိရုပ်အလောင်းများနှင့် ပတ်သက်ပြီး အင်းဒင်ကျေးရွာမှ ပါဝင်ပတ်သည်ဟု ယူဆရသူများကို သက်ဆိုင်ရာ ရဲနှင့် စရဖ များမှ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း အဆိုပါကျေးရွာသားများက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်၌ လူများအားသတ်ဖြတ်မြှုပ်နှံထားသည့် အလောင်းများကို ဒီဇင်ဘာလ ၁၉ ရက် ယနေ့နေ့လည် ၂ နာရီက မောင်တောမြို့နယ် ဌာနဆိုင်ရာပေါင်းစုံမှ စတင်တူးဖော်လျက်ရှိသည်။