ရခိုင်ပြည်နည် ကျောက်ဖြူမြို့အထူးစီးပွားရေးဇုန် စတင်အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့ သည် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဒေသအတွင်း မြန်မာတပ်တော်မှ ထိုးဖောက်လှုပ်ရှားမှုများရှိလာသောကြောင့် မကြာမီ တိုက်ပွဲများ ပြင်းထန်စွာဖြစ်​​ပေါ်လာနိုင်သဖြင့် ဒေသခံများအနေနှင့် သတိထားသွားလာကြရန် တိုက်တွန်းသည့် စာတစောင်ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၅ ရက်​​နေ့ရက်စွဲဖြင့် ထုတ်ပြန်​​ကြေညာခဲ့သည်

ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးမှု နောက်ကျနေသော ဘူးသီးတောင်၊ မောင်တော ဒေသအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး မီးရအောင်ဆောင်ရွက်ပေးရန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က မှာကြားသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိလုပ်ကိုင်နေသည့် အကြီးစားရင်းနှီးမြုပ်နှံမှု စီမံကိန်းများဖြစ်သော သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိ ကမ်းလွန်လုပ်ကွက်(A6) နှင့် (AD7) အပါဝင်တစ်ခြား ရေနံနှင့် တစ်ခြား သဘာဝဓာတ်ငွေ့တူးဖေါ်နေသည့် လုပ်ငန်းများနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ငန်းများကို ရပ်ဆိုင်းထားရန် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့က သဘောထားထုတ်ပြန် တောင်းဆိုသည်။

ဘူးသီးတောင်မြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို နိုဝင်ဘာလ (၂) ရက်နေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၂ နာရီအထိ ပြုလုပ်သွားမည်။