ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တောင်ပြိုမြို့ပေါ်တွင် ဆရာ၊ ဆရာမများအပါဝင် ဌာနဆိုင်ရာနှင့် အရပ်သား စုစုပေါင်း ၆၀ နီးပါးမှာ ပိတ်မိနေသည့်အတွက် အရေးပေါ်ကူညီကယ်ဆယ် ရေးတွေ လိုအပ်လျှက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း သြဂုတ်လ ၂၄ ရက်နေ့ ညအချိန်က အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ တိုက်ခိုက်မူအခြေအနေများကြောင့် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို  အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်းသိရသည်။

ရှေးဟောင်းမြောက်ဦးမြို့တော်ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရန် တောင်တန်းများကို လုံခြုံရေးတံတိုင်းအဖြစ် အသုံးပြုထားသော ကာကွယ်ရေးစနစ်နှင့် ရေစီးရေလာကောင်း မွန်ရေးအတွက် ရေမြောင်းများကို စနစ်တကျ လုပ်ထားသော ရေသွင်းရေထုတ်စနစ်တို့ဖြင့် အဓိကတင်သွင်းသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအား မြန်မာအစိုးရသို့ သြဂုတ်လ ၂၄ ရက်နေ့တင်သွင်းမည်ဖြစ်ရာ ထိုအစီရင်ခံစာတွင်  လတ်တလောရခိုင်ဖြစ်စဉ်များအကြောင်း အကြံပြုချက်များတွင် ပါဝင်မည်မဟုတ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်ကပြောသည်။

သမိုင်းသုတေသီ ဒေါက်တာအေးချမ်း ရေးသားပြုစုသည့် "ရခိုင်သမိုင်းမိတ်ဆက်" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း (ရွှေတိဂုံဘုရား အရှေ့ဖက်မုသ်အနီး) ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ပြုလုပ်ခဲ့ရာ ရခိုင်သမိုင်းမိတ်ဆက်" စာအုပ်သည် လက်ရှိဖြစ်နေသည့် ပြသာနာအပေါ် အမြင်ရှင်းသွားဖို့ ယုံကြည်ကြောင်း ဒေါက်တာအေးချမ်းဆိုသည်။