တတိယအကြိမ်မြောက် ပြန်လည်ဖွဲ့စည်းလိုက်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို  ပြည်သူတစ်ရပ်လုံးသိရှိစေရန် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ဇူလိုင်လ ၂၅ ရက် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။

 ပေါက်တောမြို့နယ်အတွင်း အကူအညီပေးနေသည့် INGO/NGO အဖွဲ့များ လုပ်ငန်းဆောင်ရွက်မှူများကိုချပြရာတွင် ပွင့်လင်းမြင်သာစွာ ချပြပေးရန်လိုအပ်ကြောင်း ဒေသခံများကတောင်းဆိုကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသခံများ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် တောင်သူများ၏ စိုးရိမ်မှုအခြေအနေများကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်တင်ပြခဲ့ကြောင်း ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှာ လယ်သမားများက လယ်ယာမြေနှင့်ပက်သတ်ပြီး တိုင်တန်းလျှောက်ထားကြသော်လည်း စိစစ်ဆောင်ရွက်မှုမရှိဘဲ မျက်ကွယ်ပြုနေကြကြောင်း ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းအဖွဲ့၏ ဇူလိုင်လ ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော်သို့နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းရာမှာ ပြောကြားခဲ့သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ရခိုင်တိုင်းရင်းသားနှင့် မျိုးနွယ်စုဝင် လူနည်းစု (မွေးရာပါနိုင်ငံသား) များအား ယခုအခြေအနေထက် ပိုမိုပြည့်စုံပြီး အာမခံချက်ပေးနိုင်သည့် ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရသို့  တိုက်တွန်းကြောင်းအဆိုကို ဇူလိုင်လ ၁၁ ရက်နေ့၌ ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်သည်။