- Details
- ချလူးအောင်
- Hits: 5580
- မောင်တော
ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းခိုလှုံလာသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များကို စားနပ်ရိက္ခနှင့် ကျေးရွာများရေရှည်တည်တံ့စွာ တည်ရှိရေးအတွက် ကူညီထောက်ပံ့ရန် ဆရာတော် ဦးဝီရသူ ဦးဆောင်သောအဖွဲ့ မောင်တောဒေသသို့ ရောက်ရှိနေပြီဖြစ်သည်။
- Details
- ဟန်ထူးဇော်
- Hits: 1080
- ကျောက်ဖြူ
ကျောက်ဖြူမြို့နယ် မူရင်းကျေးရွာမှာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းဖြစ်နေသည့်အတွက် နှစ်ကျောင်းကို ပိတ်သိမ်းလိုက်ခြင်းကြောင့် ကျေနပ်မှုမရှိသော မူရင်းဒေသခံတချို့က ပြန်လည်ကိုးကွယ်ခွင့်ရရှိရန် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 5782
- Rakhine
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ်အတွင်းသို့ လာရောက်မည်ဖြစ်ပြီး ၎င်းအား ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့ အလင်းတံခါးအဖွဲ့မှ ဦးဆောင်ပြီး စစ်တွေလေယာဉ်ကွင်းတွင် ဆန္ဒပြမည်ဟု သိရသည်။
- Details
- မြင့်မြတ်ဖြူ၊ ဖဒူ ထွန်းအောင်
- Hits: 4333
- ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေရွာအနီးမှာ ယနေ့ (ဇူလိုင်လ ၉ ရက်နေ့)၊ နံနက်ပိုင်းအချိန်က အကြမ်းဖက်ဘင်္ဂလီများနှင့် တပ်မတော် ခမရ ၅၅၂ တပ်ရင်းက စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့၍ အကြမ်းဖက်ဘင်္ဂလီ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးအား လက်နက်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော ဒုရဲမှူးကြီးတစ်ဦးက DMG ကို အတည်ပြုပြောကြားသည်။
ကျောက်တော် ပြိုင်းတိုင်းရွာမှာ မိုရာကြောင့်ပျက်စီးခဲ့သည့် ကိုယ်ထူကိုယ်ထကျောင်းဆောင် ပြုပြင်ရန်လိုအပ်
- Details
- ဖဒူ ထွန်းအောင်
- Hits: 800
- ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်းက တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ကိုယ်ထူကိုယ်ထ အလက(ခွဲ)ကျောင်းဆောင်မှာ ယခုအချိန်ထိ မပြုပြင်ရသေးဘဲ လက်ရှိတွင် အရေးတကြီး ပြုပြင်ရန်လိုအပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
Page 589 of 615







