ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းမှ ဘင်္ဂလီ(၇)ဦးကို တားမြစ်နယ်မြေထဲသို့ ခေါ်ဆောင်လာ သော ရဲဝန်ထမ်းကို ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနောင်ကပြောဆိုလိုက်သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ တွင် ဇွန် ၂၆ရက် က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ သတင်းသွားယူပြီး ပြန်လာသည့် ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော် (ခ) လဝီနှင့် DVB သတင်းဌာနသတင်းမှ ဦးအေးနိုင်နှင့် ဦးပြည်ဘုန်းနိုင်(ခ) ပြည်ဘုန်းအောင်တို့ ၃ ဦးကို အစိုးရတပ်မတော်မှ မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါထောင်တွင် ဖမ်းစီးထိန်းသိမ်းထားခြင်းကို ပြန်လည်လွှတ်ပေးရန် အတွက် ရခိုင်ဂျာနယ်လစ်ကွန်ရက်မှ ရခိုင်ပြည်နယ် သံတွဲခရိုင်တွင် ဆန္ဒပြုဆုတောင်းပွဲပြုလုပ်လျှက် ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အကြမ်းဖက်မှုအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ဒေသခံများအား ပြည်သူ့စစ်ဖွဲ့၍ အဆင့်မှီလက်နက်တပ်ဆင်ပေးဖို့ မောင်တောဒေသခံများက ဇူလိုင်လ ၆ ရက်နေ့က မောင်တောမြို့ သာသနာ့ဗိမ္မာန်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် (မေယုဒေသ) ရေရှည်တည်တံ့ရေး ညှိုနှိုင်းအစည်းအဝေးမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။


 ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်းအား မြို့နယ်သာသနာရေး ဦးစီးဌာနမှ ပိတ်သိမ်းထားသည့်အတွက် ကျေးရွာသားများအနေဖြင့် ပြန်လည်ကိုးကွယ်ခွင့်ရရှိရန် ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ကြသည်။

 မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသုံးပြုနေသော လူမှူကွန်ယက်ဟု ခေါ်သည့် ဖေ့စ်ဘုတ်ကယက်သည် မီဒီယာကြီးများကို ထိခိုက်လာနေ၍ ယင်းဖေစ့်ဘုတ်ပေါ်မှ လွတ်လပ်မှူများကို ထိန်းညှိဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်သည်။