"ရခိုင်ပြည်နယ်မှမူဆလင်းအသိုက်အ၀န်း" အသုံးအနှုန်းကို ဦးဆောင်ကန့်ကွက်ခဲ့ကြသည့် ရခိုင်လူငယ်များအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဖိုးသား၊ မြန်မာ့အမျိုးသားရေးကွန်ရက် ဥက္ကဌ ကိုဝင်းကိုကိုလတ်၊ အထွေထွေ အတွင်းရေးမှူး ကိုနောင်တော်လေးတို့အားပြန်လွှတ်ပေးရေးအတွက် ဇွန်လ ၂၁ ရက် ယနေ့ နံနက် ၉ နာရီ ကျော်အချိန်က ဗဟန်မြို့နယ်တရားရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့ နယ်က ရွှေလှေကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမားကို လည်ပင်းအား ကတ်ကြေးဖြင့်ထိုးပြီး ဆိုင်ကယ်လှယက်ထွက်ပြေးသွားသည့် ပြစ်မှုကျူလွန်းသူနှစ်ဦးကို ဇွန် ၁၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ် အချိန်ခန့်က သံတွဲမြို့ နယ်အပိုင် ဆင်ခေါင်းကျေးရွာမှာ ဖမ်းစီးရမိခဲ့ကြောင်း DMG မှ ကနဦးသတင်းရရှိသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားကျောင်းသူတို့၏ အောင်မြင်မှုမှာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် အောင်ချက် ၂၆.၇၂ ရှိကာ ယခင်နှစ်နှင့်နှိုင်းလျှင် အတူတူလောက်သာရှိပြီး သိပ္ပံဘာသာရပ်ဖြင့် ၆ ဘာသာဂုဏ်ထွက်သူမှာ ၄ ဦးရှိသည့်အတွက် ယခင်နှစ်ထက် ဘာသာစုံဂုဏ်ထွက်သူပိုများကြောင်း သံတွဲမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးက စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ် တစ်လင်တမယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အရေးယူခံရမှုမှာ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ၁ မှု သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် လက်ရှိအချိန်အထိ စုစုပေါင်း ၃ မှု ရှိနေပြီဖြစ်ကြောင်း သံတွဲမြို့မရဲစခန်းက စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နောက်ထပ် ၁၂ နာရီအတွင်း မိုးရွာသွန်းမှု သည်းထန်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က DMG ကို ပြောသည်။