ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ်ရှိ ကင်းမော်ကျေးရွာနေ ၈ တန်းကျောင်သူ အသက် ၁၄ နှစ် ၂ လ အရွယ်ကို ကင်းမော်ကျေးရွာ (အလယ်တောင်)မှ ဦးကိုကြီး (ခ) ဦးထွန်းမင်းနိုင်၏ သားဖြစ်သူ မောင်မင်းခန့်ဇော် (ခ) ချစ်ထွန်း အသက် (၁၉) နှစ်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း သံတွဲမြို့ မရဲစခန်းတွင် ကာယကံရှင်ဘက်မှ လာရောက်တိုင်တန်းသဖြင့် အမှုဖွင့်စစ်စေးဆောင်ရွက်နေကြောင်း သံတွဲမြို့မရဲစခန်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းဂူဒူကျေးရွာတွင် သက္ကမအမျိုးသမီးများ သေဆုံးမှုနှင့် နေအိမ်အမြောက်အများ မီးရှို့ခံခဲ့ရမှုနှင့်ပတ်သက်ပြီး မောင်တောမြို့တွင် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်သွားမည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ စုစည်းကာ ယနေ့ဆုံးဖြတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ်တစ်နေရာတွင် မြန်မာတပ်မတော် စကခ (၉) လက်အောက်ခံ ခမရ (၃၇၇) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော် အမှတ် (၃) တပ်မဟာ၏ လှုပ်ရှားတပ်ရင်း (၃၀၄) တို့ ဇွန်လ ၉ ရက်နေ့က နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဖက်မှ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တွင် ကျင်းပပြုလုပ်မည့် ပြည်တွင်းပြည်ပ ရုပ်ရှင်ကား ၆၀ ကျော်ပြသည်မည့်ပွဲတွင် ရခိုင်ဒေသက ပဋိပက္ခဒဏ်ခံ လူငယ်များအကြောင်း ရိုက်ကူးထားသည့် စစ်တွေအမည်ရ မှတ်တမ်းရုပ်ရှင်ကို ပြသရန် အစိုးရထံမှ ခွင့်ပြုချက်မရရှိခဲ့ကြောင်း AFP သတင်းအရ သိရသည်။

"ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း" အသုံးအနှုန်းကို ဦးဆောင်ကန့်ကွက်ဆန္ဒပြခဲ့သူ သုံးဦးအား  ငြိမ်း/စု/စီ ၁၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် ဗဟန်မြို့နယ်တရားရုံးမှ ဇွန်လ ၁၄ ရက်နေ့သို့ ထပ်မံချိန်ဆိုလိုက်ကြောင်း သတင်းရရှိသည်။