- Details
- ချလူးအောင်
- Hits: 2055
- မောင်တော
မောင်တောမြို့နယ် ဇီးပင်ချောင်းကျေးရွာအုပ်စု ချောင်းကုလားကျေးရွာမှ မော်လဝီဘော်နီရိုဟာမီ (ဘ) ရှော်ဖီ၏ နေအိမ်သို့ ရှောင်တစ်ခွင့် ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း ဆာလာအိတ်နှင့် ထုတ်ထားသော လိုင်း ၁၆ ခုကို အသုံးပြုနိုင်သော လမ်းလျှောက်စကားပြောစက် အလုံး ၄၀ နှင့် ဆက်ပစ်ပစ္စည်းများဖြစ်သော ဘတ္ထရီ ၃၆ ခု၊ အားသွင်းခုံ ၄ဝ ခု၊ ဆက်သွယ်ရေးတိုင် ၄ဝ ချောင်းနှင့် ဗူးခွံ ၁၀ ခုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း မောင်တော နယ်မြေ (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 462
- စစ်တွေ
ကမ္ဘာပေါ်ရှိ ကလေးသူငယ်အရေအတွက်၏ လေးပုံတစ်ပုံ (သန်း ၇၀၀ ကျော်) ကို ရှာဖွေသုတေသန ပြုလုပ်ထားသော Save the Children ၏ Stolen Childhood စာတမ်းအရ နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် ကလေးငယ်များဘဝ ဆုံးရှုံးနေမှု မြန်မာနိုင်ငံက အဆင့် ၁၁၂ တွင် ရပ်တည်နေကြောင်း သိရသည်။
- Details
- ဇောင်း(ပုဏ္ဏားကျွန်း)
- Hits: 583
- ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း မိုရာမုန်းတိုင်း တိုက်ခတ်မှုကြောင့် တောဖျားချောင်းဒေသရှိ ကွမ်းစိုက်ခင်း များစွာပျက်စီးဆုံးရှုံးခဲ့သည်။
- Details
- သားသျှေလေး
- Hits: 604
- စစ်တွေ
ရခိုင်ပြည်နယ်တွင်း “မိုရာ” ဆိုင်ကလုံးမုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး မေလ ၃၀ ရက်နေ့မှစကာ စစ်တွေမြို့နယ်မှအပ အခြားမြို့နယ်များ လျှပ်စစ်မီးရရှိပြီးဟု ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက DMG ကိုပြောဆိုထားသော်လည်း လက်ရှိတွင် မြို့နယ်အချို့ လျှပ်စစ်မီးပြတ်တောက် နေသေးကြောင်း သိရသည်။
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 2628
- စစ်တွေ
ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ညနေကနေ ၃၀ ရက်နေ့ နံနက်အထိ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်မှ ငွေကျပ် ၃၄၆.၆ သိန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှ ယနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ထားသည်။
Page 595 of 615









