မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာအနီး အသစ်တည်ဆောက်နေသော နယ်ခြားစောင့်ရဲတပ်ရင်း အမှတ် (၄) ပတ်ဝန်းကျင်တွင် မင်္ကာသူ ၃ ဦးအား စစ်ဆေးရာမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို ဖမ်းမိပြီး ဆက်စပ်ရှာဖွေရာ ကိုင်းကြီးကျေးရွာအုပ်စု ဥက္ကဌ ဦးခင်မောင်သန်း နေအိမ်မှ တူမီးသေနတ် နှစ်လက်ဖမ်းဆီးရမိကြောင်း အဆိုပါရဲတပ်ရင်းထံမှ သိရသည်။

 ယနေ့ မြန်စံတော်ချိန် ၉း၃၀ တွင် တိုင်ထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျှားမည့်အခြေအနေ ရှိနေသောကြောင့် ရုတ်တရက်ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သံတွဲမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန် သံတွဲမြို့မြို့နယ် သဘာဝဘေးစီမံခန့် ခွဲမှုကော်မတီမှ သံတွဲမြို့နယ် သတိပေးနှိုးဆော်မှုများ ပြုလုပ်လျှက် ရှိသည်။

“မိုရာ”(Mora) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင့်ကမ်းရိုးတမ်းပြေးဆွဲနေသည့် သင်္ဘောများအား ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး ပြည်နယ်ညွှန်ကြားရေးမှူး ဦးထိန်ကျော်မှ DMG ကို ပြောဆိုသည်။

နှစ်ပေါင်း ၇၀ နီးပါး မပြေလည်သေးသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ရှေ့ဆက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၉ ရက်၊ ယနေ့ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးအပိတ် ကျေးဇူးတင် စကားတွင် ထည့်သွင်းပြောကြား တိုက်တွန်းလိုက်သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း “မိုရာ ” ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်လာနိုင်သောကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးက ရေလုပ်သားများ ငါးဖမ်းရန် မြစ်သို့မသွားဝံ့ဘဲ ရှိနေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် နေကြောင်းဒေသခံများ၏ ပြောပြချက်အရ သိရသည်။