ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မေ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ အချိန်ခန့်က မီးကျောင်းခေါင်းဆွဲအုပ်စု ခူမီခါလီကျေးရွာမှ ဘင်္ဂလီ ရာအိမ်မှူးတစ်ဦးအား ဘင်္ဂလီ (၂၀) ခန့်မှ တုတ်၊ ဓားများဖြင့် ရိုက်နှက်ပြီး လည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ဝန်းမှ သိရသည်။

စစ်တွေမှ ရန်ကုန်သို့ FMI လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာနှင့် ဒါးပိုင်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အတုကိုင်ဆောင်သူ ဘင်္ဂလီအမျိုးသမီး (၃) ဦးကို မေလ ၂၇ ရက်နေ့ နေ့လည်တစ်နာရီ မိနစ်လေးဆယ်တွင် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်လူငယ်ကဗျာဆရာ (၅) ဦး စုပေါင်းရေးသားထားသည့် ခေတ်ပေါ်မော်ဒန်ကဗျာ အမျိုးအစားကို အသားပေးဖြော်ပထားသော “ကဗျာကယာ” ဟု အမည်ပေးထားသည့် ကဗျာစာအုပ်မိတ်ဆက်ပွဲကို မေလ ၂၈ ရက်နေ့ စစ်တွေမြို့၊ လောကာနန္ဒာဘုရားအနီးရှိ Coffee Elixir ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၏  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နောက်ဆုံးအဆင့်ဆွေးနွေးမှုတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အဆိုပြုလွှာတွင်ပါရှိသည့်"ပြည်ထောင်စုက  ခွဲမထွက်ရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်" တို့အား ဆွေးနွေးညှိနှိုင်းခဲ့ရာ အဆင်မပြေကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နောက်ဆုံးအဆင့်ဆွေးနွေးမှုတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ အဆိုပြုလွှာကဏ္ဍတွင်ပါရှိသည့် "ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုက ခွဲမထွက်ရ။" ဆိုသည့် စာသားကြောင့် တစ်ရက်ထပ်တိုးဆွေးနွေးနေရခြင်းဖြစ်သည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စောမြရာဇာလင်းက ပြောသည်။