ပုဏ္ဏားကျွန်းမြို့ ခွဆုံ(ဝက်ဖြူပြင်)ကျေးရွာတွင် ကိုယ်ထူကိုယ်ထဆောက်လုပ်သည့် တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဋ္ဌေး က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )နှင့် မြောက်ပိုင်း မဟာမိတ်များအဖွဲ့၏ ပန်ခမ်းမူ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီမှုရှိဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ ရက္ခိုင့်တပ်မတော် (AA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းထွက်လက်မှတ် တောင်းယူရာမှာ ဆရာ၊ ဆရာမများမှ အခကြေးငွေယူနေခြင်းကို တိုင်ကြားနိုင်ပြီး စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သာယာကွင်းအုပ်စု တံခွန်တိုင်ရွာထိပ် မိုင်တိုင် ၁၃ ကီလိုမီတာအနီးမှာ မနေ့က (မေလ ၂၆) ညနေ ၈ နာရီခွဲ အချိန်က ဂွမြို့ဘက်မှ သံတွဲမြို့ဘက်သို့ မောင်းနှင်လာသော သစ်တင်ကား တစ်စီးမှာ မျက်နှာချင်းဆိုင် ကားတစ်စီးကို ရှောင်တိမ်းရာ အဆိုပါ သစ်တင်ကားထဲက လေးဦးမှာ တစ်ဦး သစ်တုံးမိပြီး သေဆုံးသွားကြောင်း သံတွဲမြို့မရဲစခန်းက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် မေလ ၂၅ ရက် ည ၉ နာရီဝန်ကျင်တွင် မြို့မရဲစခန်းအား အမျိုးသမီး ၁ ဦး ပျောက်ဆုံးတိုင်ကြားလာသဖြင့် မြို့မရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်နီထွန်းတို့မှ လိုက်လံရှာဖွေခဲ့ရာ ကျောက်ဖြူမြို့ဝင် ဆိုင်ဘုတ်အနီး ပင်လယ်ကမ်းစပ်တွင် လူပိုက် (ခ) မောင်ဇော်နှင့် မ….. အား တွေ့ရှိကာ စခန်းသို့ ခေါ်ဆောင်စစ်ဆေးရာမှ အဓမ္မပြုကျင့်မှု ပေါ်ပေါက်ခဲ့သည်။