သြဂုတ်လ ၁၁ ရက်နေ့က နွား ၂၅ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ ၁၂၀၀ နှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးသာထွန်းစိန်က ပြောသည်။

“ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာအပါအဝင် အရပ်သားတစ်ဦးဖမ်းဆီးတာရှိပါတယ်။ သူတို့ကို စစ်ဆေးရာမှာ အေအေအဖွဲ့နှင့် ဆက်သွယ်ထားတဲ့ အထောက်အထားခိုင်လုံစွာတွေရတဲ့အတွက် တရားစွဲဆို သွားမှာဖြစ်တယ်” 

“ အခုကတော့ လူကြီးပိုင်း လူ ၄၀ ကျော်လောက်ကို ပြန်လွှတ်ပေးလိုက်ပြီ။ ကျန်နေခဲ့တာကတော့ လူငယ်ပိုင်း ၁၀ ကျော်ကတော့ ကျန်နေခဲ့တယ်။ ကျွန်တော်တို့ကတော့ ညနေ ၃ နာရီကျော်လောက်မှာ ပြန်လာရတယ် ” 

“ပြောင်းလာတဲ့ဗိုလ်မှူးကြီးက ရခိုင်တွေရဲ့လူနေမှုဘဝနဲ့ အလေ့အထကိုနားလည်ပြီး စစ်ရေးနဲ့ နိုင်ငံသား အရေးကို ခွဲခြားသိမြင်ကိုင်တွယ်နိုင်သူ၊ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး အမြင်သဘောထား ပြည့်ဝသူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပဋိပက္ခတွေ၊ ပြဿနာတွေ၊ စစ်ရေးကိစ္စတွေမှာ တရားဥပဒေစိုးမိုးရေးအောက်ကနေ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းတာမျိုးပါ။ ဒီလိုအခြေအနေ ဖြစ်၊ မဖြစ်ဆိုတာကိုတော့ နိုင်ငံရေးအရလည်းစောင့်ကြည့်ရဦးမှာပါ”

မင်းပြားမြို့နယ် ဖုံသာချောင်းတဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ သြဂုတ်လ ၄ ရက်နေ့မှ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့အထိ ပိတ်မိနေကြခြင်းဖြစ်သည်။