ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တောင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးသူများ သွားလာနေသော ဦးရာဇ်မင်္ဂလာ ကြိုးတံတားအား ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မျက်နှာဖုံးစွပ်ထားသူ နှစ်ဦးသည် ကြိုးတံတား အရှေ့ဘက်တိုင်အားဖျက်စီးပြီး ဆိုင်ကယ်ဖြင့် စေတီရင်းရွာဖက်သို့ ထွက်သွားကြောင်း တံတားအနီး ဈေးဆိုင်ရောင်းသူ ကိုအောင်ကျော်မြက ပြောသည်။

ယနေ့(မေလ ၂၅ ရက်နေ့)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က အစိုးရဝန်ထမ်းများ၏ လက်ရှိရင်ဆိုင်နေရသော စီးပွားရေးကြပ်တည်းမှုကို စာနာထောက်ထား သောအားဖြင့် လစာတိုးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သတ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မခံသည့် မြောက်ပိုင်းအဖွဲ့များ NCA လေ့လာရန် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ခြင်းဖြစ်နိုင်ကြောင်း ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယနေ့ နံနက် (မေလ ၂၄) ၈နာရီ ၂၅  မီနှစ်အချိန် နတ်မြစ်ဝအတွင်း  ဦးရှေဂျချောင်းဝသို့ လှည့်ကင်းလည့်ရန် POE စခန်းမှ ထွက်လာသော တပ်ကြပ် သဲကိုကိုဇော် ဦးစီးသည့် ၄ ဦးပါ ရာဘာလှေ ၁ စီးသည် တက်ချောင်းနှင့် ကညင်ချောင်းကြား အရောက်တွင် မင်္သကာဖွေလူတစ်စုအား တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ၎င်းမင်္သကာဖွယ်လူတစ်စုမှာ ဒီရေတောအတွင်းသို့ ထွက်ပြေးသဖြင့် MA-11 ဖြင့်ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒီရေတောမှတစ်ဆင့် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်၍ကုန်းတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း POE စခန်းထံမှသိရသည်။

  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေသည့် နိုင်ငံသားအကျဉ်းသား၊ နိုင်ငံခြားသားအကျဉ်းသား စုစုပေါင်း ၂၅၉ လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ရက္ခိုင့်တပ်မတော်(AA) နှင့် ဆက်စပ်သူသည်ဟုဆိုကာ ဖမ်းဆီးအကျဉ်းကျခံနေရသူ စုစုပေါင်း  (၆၀) ဦး ပါဝင်ခဲ့ကြောင်းသိရသည်။