ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တရားမဝင် ဘင်္ဂလီအမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၁) ဦးအား မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း အမ်းမြို့နယ်ရဲစခန်းမှသိရသည်။

ရသေ့တောင်မြို့နယ် အထက်နန်းရာ ဘင်္ဂလီကျေးရွာနှင့် အောက်နန်းရာ ဘင်္ဂလီကျေးရွာတို့ကို ဆက်သွယ်ထားသော ကြားဖြတ်လမ်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသော ဘင်္ဂလီလူအုပ်ကို တွေ့မြင်လိုက်ရကြောင်း ယင်းကြားဖြတ်လမ်းတွင် လမ်းပြုပြင်နေသော ဘတ်ဖိုးစခန်းမှ တာဝန်ခံက ပြောကြားသည်။ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် သက်ငယ်အဓမ္မပြုကျင့်မှုဖြစ်ပွားရခြင်းမှာ အသိဥာဏ်အားနည်းမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ဟု ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောဆိုလိုက်သည်။

မနေ့က မေလ ၁၉ ရက်နေ့က ကျောက်တောင်ကျေးရွာအုပ်စု၊ ပြင်မကျေးရွာမှ အသက် (၉) နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုနှင့်ပတ်သတ်ပြီး ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ပြောဆိုခြင်းဖြစ်သည်။

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံသို့ ရခိုင်အမျိုးသားပါတီ (ANP) တက်ရောက်တော့မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG ကို ယနေ့ပြောကြားလိုက်သည်။

 တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှူ မဟာဗျူဟာ (တတိယမူကြမ်း) အပေါ် ရခိုင်ပြည်သူများမှ အကြံဥာဏ်များ ရယူပွဲသို့ တက်ရောက်ခြင်းသည် အရာအရာစွန့်လွှတ်ပြီး မျက်စိပိတ်ခြေစုံကန်ပြီး တက်ရောက်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။