မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မဘသက စေခိုင်းခြင်းမဟုတ်သည့်အပြင် အဆိုပါကိစ္စများသည် မဘသနှင့် မသက်ဆိုင်ကြောင်း မေလ ၁၆ ရက် ယနေ့ နေ့လည်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ(ဗဟို)က ရှင်းလင်းမိန့်ကြားသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်း၊ သရက်ချောင်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ အိမ်(၇)လုံးခန့် ပျက်စီးသွားခဲ့ပြီး နေအိမ်ပျက်စီးခဲ့သည့် မိသားစုများအနေဖြင့် နေအိမ်ဆောက်လုပ်ရန်အတွက် အကူအညီများလိုအပ်လျက်ရှိသည်ဟု သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်သာကပြောသည်။

မြိုလူမျိုးများသည် ရခိုင်ပြည်နယ်ရှိ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ယနေ့ပြုလုပ်ကျင်းပသည့် (၂) ကြိမ်မြောက်မြိုအမျိုးသားနေ့ပွဲတွင် ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးဇနီဖြူက ပြောကြားခဲ့သည်။

“ ရခိုင်ပြည်နယ်က တိုင်းရင်းသား သာသာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ ထောက်ပံ့လစာကိစ္စ ဘာတွေ လွဲမှားနေသလဲ ” သတင်းဆောင်းပါးကို ရေးသားခဲ့သည့် သဇင်ပန်းခိုင်သတင်းဂျာနယ်မှ အယ်ဒီတာ ကောင်းမြတ်နိုင် (မောင်တော) အား ၎င်းဆောင်းပါးတွင် ပါဝင်သည့် အချက်အလက်များမှာ မှားယွင်းသည့် စွပ်စွဲချက်များ ပါဝင်သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၆) ဖြင့် တရားစွဲဆိုမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG သို့ ပြောသည်။

ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာတွင် မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပခဲ့သော မြိုလူငယ်ဖိုရမ်ကို မြိုလူငယ်များဖွံ့ဖြိုးရေးအဖွဲ့အစည်းက ကန့်ကွက်ရှူတ်ချလိုက်သည်။

ရခိုင်ပြည်နယ်မှာ မျိုးနွယ်စု ၇ ခုအနက် ယခုမြိုလူငယ်ဖိုရမ်ကျင်းပသည့်  မြိုလူငယ်များသည် ခမီစကားပြောတတ်ပြီး မြိုစကားမပြောတတ်သော မြိုအမည်ခံ (မြိုအတု) ဖြစ်ကာ ၎င်းတို့သည် ခမီလူမျိုးများသာဖြစ်သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု မြိုလူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ နာယက ဦးမောင်လှဖြူက ပြောဆိုသည်။