- Details
- DMG
- Hits: 526
- စစ်တွေ
လာမည့် ဒီဇင်ဘာလတွင် တောင်ကုတ်မြို့၌ကျင်းပမည့် ရခိုင်လူငယ်ညီလာခံကြီးတွင် ဆွေးနွေးသွားမည့် လူငယ်များ ကိုယ်ပိုင်စီမံခန့်ခွဲမှူရေးနှင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး အချက်တို့သည် ပြည်နယ်အဆင့်ဖြင့် မရနိုင်ဘဲ ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက် ချမှသာ ရနိုင်မည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 297
- ကျောက်တော်
နိုင်ငံရေးအရသော်လည်းကောင်း၊ အမျိုးသားရေးအရ သော်လည်းကောင်း လူနည်းစုဌာနေ တိုင်းရင်းသားများအပေါ် ညီအစ်ကို တိုင်းရင်းသားများ လွှမ်းမိုးမှုရှိနေသည်ကို အတိအလင်းကန့် ကွက်ရှုပ်ချကြောင်း မြိုလူငယ်အဖွဲ့မှ မေလ ၁၄ ရက်နေ့က သဘောထားထုတ်ပြန်ချက်စောင် ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ ကျောက်တောမြို့နယ်၊ လမ်းမတော်ကျေးရွာတွင် ပြုလုပ်သည့် မြိုလူငယ်များ၏ အနာဂတ်ကို ဖန်တီးဖော်ဆောင်နိုင်မည့် ရခိုင်ပြည်နယ်လုံးဆိုင်ရာ မြိုလူငယ်ဖိုရမ်မှ ယင်းကဲ့သို့ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 745
- ပေါက်တော
ရခိုင်ပြည်နယ်ထဲက ကျွဲ၊ နွား အပျောက်အများဆုံး မြို့နယ်ထဲမှာပါဝင်သည့် ပေါက်တောမြို့နယ်တွင် ကျွဲ၊ နွားပျောက်ဆုံးမှုကို တားဆီးကာကွယ်မှု မပြုလုပ်နိုင်ခြင်းသည် လိုအပ်သောပစ္စည်းများ မရှိခြင်းနှင့် အချိန်မီဖမ်းဆီးနိုင်ရန် စက်လှေကြီးများ လိုအပ်ကြောင်း ပေါက်တောရဲစခန်းက ဆိုသည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 2478
- စစ်တွေ
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စွမ်းဆောင်ရည်ဆုရှင် ဦးရက္ခဝံသ (ခ) ဦးမောင်လှဖြူအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (ရခိုင်ပြည်) မှ ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားတစ်ရပ်ကို စစ်တွေမြို့၊ ဂြစ်ဘက်ကျောင်းတွင် ယနေ့ (မေလ ၁၄) ရက်နေ့၊ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 1665
- ဂွမြို့
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးတွင် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း တစ်ခုနှင့် ဟိုတယ်၊ အပန်းဖြေနေရာများ ဆောက်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
Page 606 of 615








