ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ဘုရားမှော်ကျေးရွာအုပ်စုရှိ ငွေတောင် တောင်ပေါ်ရှိစေတီတော်မှ ဘုရားဆင်းတုတော်များမှာ မေ ၁၃ ရက် နေ့က ဖျက်စီးခံခဲ့ရပြီး ဖျက်စီးခဲ့သည့် တရားခံကို ရွှေလှေနယ်မြေရဲစခန်းမှ ဖမ်းစီးအမှုဖွင့် အရေးယူထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လှည်ကင်းများဖြင့် စိုးမိုးထားကြောင်း ရွှေလှေနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက DMG ကို ပြောသည်။

Mr.Christops Styliandes ဦးဆောင်သော EU သမဂ္ဂအဖွဲ့ဝင်  ဦး အဖွဲ့သည် ယနေ့ (မေလ ၁၄) နံနက် နာရီခွဲတွင် ဝါးပိတ်ဘင်္ဂလီကျေးရွာနှင့် မီးလောင်ပြင်အား မှတ်တမ်းဓါတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများရိုက်ကူးပြီး လေ့လာနေကြောင်းသိရသည်။

Mr.Christops Styliandes ဦးဆောင်သော EU သမဂ္ဂအဖွဲ့ဝင်  ဦး အဖွဲ့သည် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အထူးလေယာဉ်ဖြင့် စစ်တွေသို့ ရောက်ရှိပြီး စစ်တွေမှ Speed Boat များဖြင့် ဘူးသီးတောင်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် မောင်တောသို့ နေ့လည် ၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများကို ရခိုင်အမျိုးသမီးများ ပါဝင်ပတ်သတ်လုပ်ဆောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်တွင် မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အလုပ်ရုံဆွေနွေးပွဲကို ၂ ရက်တိုင်တိုင်ကျင်ပနေပြီးဖြစ်ကြောင်း သိရသည်။

ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုအား ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။