“ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်း ” အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ သူများအား အာမခံမပေး
- Details
- ကောင်းကောင်း
- Hits: 1174
- ရန်ကုန်
"ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်း" အသုံးအနှုန်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သူများကို ပထမ ငြိမ်းစုစီပုဒ်မ ၁၉ နှင့် စွဲဆိုထားပြီး နောက်ထပ် ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် မေလ ၁၂ ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာ အာမခံမပေးကြောင်း သိရသည်။
- Details
- ချလူးအောင်
- Hits: 794
- မောင်တော
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း နေအိမ်များမီးလောင်း ပျက်ဆီးဆုံးရှူံးသွားသည့် မောင်တောမြို့နယ် ဝါဘိတ်ကျေးရွာမှ ဘင်္ဂလီများကို ယင်းရွာ၏ မြောက်ဘက် လယ်ကွင်းပြင်တွင် ပေ ၄ဝ x ၆ဝ ရှိသော မြေကွက်များကိုရိုက်ပြီး လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးရန် ပြည်နယ်အစိုးရမှ စီစဉ်နေကြောင်း သိရသည်။
- Details
- ဇောင်း (ပုဏ္ဏားကျွန်း)
- Hits: 803
- ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်းမြို့၊ ရွှေတောင်တန်း ဘုန်းကြီးကျောင်းတွင် အနာဂါတ်အလင်းရောင်ပညာရေးစင်တာ (FLEC) နှင့် iPACE (အမေရိကန်စင်တာ) တို့မှ ဦးစီးပြီး နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးနှင့် ပတ်သက်သော Civic Education Trining ပြည်သူနီတိသင်ကို မေလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ သင်ကြားနေကြောင်း သိရသည်။
- Details
- မြင့်မြတ်ဖြူ
- Hits: 604
- အမ်း
အမ်းမြို့နယ် အမ်း-မအီ အဝေးပြေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅ မိုင်အနီးတွင် ယနေ့ မေလ ၁၂ ရက်နေ့ မနက် ၈နာရီခန့်က ရမ်းဗြဲမြို့မှထွက်လာသည့် လင်ခရူဆာယာဉ်မှာ ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အတည်ပြုပြောကြားသည်။
- Details
- မျိုးမြင့်ဇော်
- Hits: 381
- တောင်ကုတ်
၎ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဖောင်တော်ဦးဓမ္မာရုံတွင် ကဆုန်လပြည့်ကျော် (၁) ရက် မေ ၁၁ ရက် နေ့လည်က ၁၂ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရခိုင်အမျိုးသားနေ့ကို သံတွဲခရိုင်အတွင်း သံတွဲမြို့၊ ဂွမြို့တို့တွင် ကျင်းပပြုလုပ်ခြင်းမရှိသော်လည်း တောင်ကုတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Page 608 of 615







