ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းသုတေသနဇုန်သို့ လာရောက်လာပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းကျဆင်းလာခြင်းမှာ ဖွံ့ဖြိုးမှုအားနည်းချက်နှင့်အတူ ရာသီဥတု၊ လူမျိုးရေးပဋိပက္ခများကြောင့်ဟု ရခိုင်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဟိုတယ်လုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်အနီး ငလပွေချောင်းသွား နဂါးမှော်အနီးစပ်၌ အလောင်းတစ်လောင်းအား မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်တစ်ခုဖြစ်သည့် ဘင်္ဂလီလူမျိုးများကို ရပ်ကွက်ကျေးရွာ ဥက္ကဌများအဖြစ် ခန့်အပ်ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘင်္ဂလီလူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်မှူကို ပူးပေါင်းပါဝင်မှသာ အမြန်ဆုံးဆောင်ရွက်နိုင် မည်ဟု မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးဝန်ထမ်းများက ပြောသည်။  

ရခိုင်ပြည်နယ်၏ အထင်ရှားဆုံးနှင့် အစည်ကားဆုံးပွဲတော်ဖြစ်သည့် မြောက်ဦးမြို့သျှစ်သောင်း ဘုရားပွဲတော် ကာလအတွင်း ရေပေါ်သင်္ကြန်နှင့် ပွဲတော်ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် မြောက်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ ၂၄ နာရီ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးစံထွန်းကပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သော ၂ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျးရွာမှာ မေလ ၁၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သိရသည်။ ပထမအကြိမ် မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ကိုဒီကျေးရွာမှာ ကျင်းပခဲ့ပြီး ယခု (၂) အကြိမ်မြောက်ကို ဗန်းဗွီးကျေးရွာမှာ ကျင်းပမည်ဖြစ်သည်။