“ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်း ” အသုံးအနှုန်း ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သူသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် မေလ  ရက်က ရုံးထုတ်စစ်ဆေးခဲ့သည်။ 

မောင်တောမြို့နယ် သက်ဝင်ချောင်းကျေးရွာ၊ ဂွဆုံကျေးရွာနှင့် ဆူရာလီကျေးရွာများအတွင် အကြမ်းဖက်လျှက်ရှိသော ဓါးပြအဆင့်ရှိ အဒူရာကိန်း၏ အကိုဖြစ်သူ အဒူရာ (အသက် ၅၀)ကို မေလ ၈ ရက်နေ့က ဖမ်းဆီးရမိကြောင်း မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ စစ်တွေခရီးစဉ်တွင် ဒေသခံရခိုင်များနှင့်လည်း တွေ့ဆုံဆွေနွေး ရန်မျှော်လင့်ကြောင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဆိုသည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် ကြားဖြတ်အစီရင်ခံစာပါအချက်များအား မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် သီးခြားစီ တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရွှေစေတီဆရာတော်အရှင်အရိယာဝံသ က ယခုလိုပြောသည်။ 

မေလ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ဘူးသီးတောင် (DMG) ။      ။   တိုင်းရင်းသားအားလုံး တိုက်ထုတ်ယူခဲ့သည့် နှစ်ပေါင်း ၆၉ နှစ်ရှိပြီဖြစ်သော မြန်မာနိုင်ငံလွတ်လပ်ရေးမှာ လက်ရှိအချိန်ထိ တန်းတူအခွင့်အရေး မရရှိသောကြောင့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်သုံးသပ်ရန်လိုအပ်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီက ဥက္ကဌလည်းဖြစ်၊ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာအေးမောင်မှာ မေလ ၇ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောဒေသသို့ သွားရောက်ပြီး ဒေသခံလူထုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။