ကျောက်ဖြူမြို့နယ်မှာ ရခိုင်ဒုက္ခသည်စခန်းဖြစ်သည့် ကညင်ချောင်း ဒုက္ခသည်စခန်းက ရခိုင်အိမ်ထောင်စု ၆၅ စုကို ယနေ့ (ဧပြီလ ၂၇ ရက်နေ့) တွင် ပြင်ဖြူမော်ကျေးရွာသို့ ရွှေ့ပြောင်းပေးနေပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းကပြောသည်။

မတရားအသင်း ပုဒ်မနှင့် တရားစွဲဆိုခံနေရသော မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက မြောက်ဦးမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် စံပြတိန်ညိုကျေးရွာမှာ အုပ်စုလိုက်ရိုက်နှက်ခြင်းအမှူအား မြောက်ဦးမြို့ ရဲစခန်းက အာမခံပုဒ်မဖြင့် အရေးယူထားသည်ကို တရားလိုဘက်က မကျေနပ်ဖြစ်နေကြောင်း သိရသည်။

အဆိုပါ တိန်ညိုကျေးရွာမှာ ဦးဦးကျော်မြင့် နေအိမ်သို့ ဦးသိန်းထွန်းဆိုသူက ကျေးရွာအတွင်းမှ လူရင်းကားများနှင့် မိသားစုတို့ကို ခေါ်ယူကာ လူပေါင်း ၄၀ ခန့်ဖြင့် အိမ်၊ ကားနှင့် ဆိုင်ကယ်တို့ကို အုပ်စုလိုက် ရိုက်နှက်ဖျက်စီးမှူတစ်ခု ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ဦးဦးကျော်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစစ်ကို အမြစ်ပြတ်အောင် မလုပ်နိုင်ပါက ပိုပြီးအကျပ်အတည်းတွေ့ကာ ကျရှူံးသည့်နိုင်ငံထဲသို့ ကျရောက်သွားနိုင်ကြောင်း ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

မတရားအသင်း အက်ဥပဒေနှင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေး ကျောက်တော်မြို့၌ ယနေ့ ဧပြီလ ၂၄ ရက်နေ့ နေ့လည် တစ်နာရီခန့်က ပြည်သူများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။