ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးလမ်းစ အစပြုနိုင်ရန်အတွက် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အနေဖြင့် ပထမဆုံး အပစ်အခတ်ရပ်စဲရန်လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဆိုသည်။

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး သင်ကြားနိုင်ရန် မရှိသေးကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

တပ်မတော်ရေယာဉ်အား တိုက်ခိုက်ရာတွင် ပါဝင်ပြီး AA အဖွဲ့ဝင်များဟု စွပ်စွဲခံထားရသည့် ကျောက်ဖြူခရိုင် အတွင်းမှ ဒေသခံ ၈ ဦးအနက် ၆ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့် အမှုဖွင့်ခံထား ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် ဒေသခံများ၏ နေ့စဉ်ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒေသခံတစ်ဦးမှာ တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးစစ်ဆေးမှုကို တစ်ညတာခံခဲ့ရပြီးနောက် ယနေ့(နိုဝင်ဘာ ၁၅ ရက်)နေ့တွင် ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။