ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်အများဆုံးနေထိုင်သည့် ရသေ့တောင်မြို့နယ်တွင် ၅ ရက်အတွင်း ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၆၉ ဦး တိုးလာခြင်းကြောင့် ရောဂါကူးစက်မည့် အန္တရာယ်အပေါ် ယင်း စစ်ဘေးရှောင်များက စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၏ ရည်မှန်းချက် များနှင့် တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုဌာနချုပ်မှ တိုင်းရင်းသားပါတီ ၃၉ ခုသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် ရက္ခိုင့်တပ်တော် အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆို..

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပရသေးသော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် လက်ရှိအာဏာရပါတီ NLD အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က တိုက်တွန်းထားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်သောရွေးကောက်ပွဲဖြစ်စေရန် ဆန္ဒမဲရလဒ်စာရင်းများအား စိစစ်ရန်အတွက် လွတ်လပ်သောကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် နိုဝင်ဘာလ (၁၁)ရက်နေ့က မြန်မာနိုင်ငံတဝှမ်းမှ နိုင်ငံရေးပါတီ ၁၆ ပါတီက ထုတ်ပြန်တောင်းဆိုထားသည်။