- Details
- Admin
- Hits: 157
- စစ်တွေ
ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်တွင် မဲအငြင်းပွားခြင်း၊ မဲမသမာမှုများနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲအလွန် ၃ ရက်မြောက် ယနေ့ နိုဝင်ဘာလ ၁၁ နေ့အထိ တိုင်ကြားမှုတစ်ခုသာ ရှိသေးသည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့(ခွဲ)က အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောသည်။
- Details
- Admin
- Hits: 422
- အမ်း
ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်)က အမ်းမြို့နယ်၊ ကဇုကိုင်းတောင်ပေါ်၌ တပ်စွဲနေသည့် တပ်မတော်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့မှုကြောင့် ရှောက်ခုံကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်များအပါအဝင် ဒေသခံ(၆)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း...
ရေတပ်လုံခြုံရေးတင်းကျပ်မှုကြောင့် မဒေးကျွန်းမှ ရေလုပ်ငန်းလုပ်ကိုင်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ
- Details
- Admin
- Hits: 506
- ကျောက်ဖြူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ ဓညဝတီရေတပ်စခန်းက နယ်မြေလုံခြုံရေးအရ ဟုဆိုကာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် မဒေးကျွန်းဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းမှုနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
- Details
- Admin
- Hits: 139
- စစ်တွေ
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းကို ရက်ပေါင်း ၃၀ (တစ်လ)အတွင်း တင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အသိပေးထုတ်ပြန်လိုက်သည်။
- Details
- ဥာဏ်ဟိန်း
- Hits: 526
- စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အောင်လံချိန်ကျေးရွာအတွင်းသို့ ယနေ့နံနက်(၇)နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်စစ်ဆေးမှုကြောင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး အနီးအနားကျေးရွာများသို့ ထွက်ပြေးနေကြကြောင်း သိရသည်။
Page 68 of 615









