မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့် ဆန်အိတ် ၆၀၀ ခန့်အား ယနေ့နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွင် တပ်မတော်သားများက ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာအတွင်းသို့ ယနေ့(နိုဝင်ဘာလ ၁၀ ရက်) ညနေ ၇ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်များအပါအဝင် ကျေးရွာသား ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၉ ဦးတွင် အနိုင်ရရှိသူမရှိကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပထမဆုံး အကြိမ် လွှတ်တော်တက်ရောက်ခွင့် ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ရလဒ်များအရ သိရသည်။

ကိုယ်စားလှယ်လောင်းသုံးဦး ရက္ခိုင့်တပ်တော်(AA)ထံ ဖမ်းဆီးခံထားရခြင်းသည် တောင်ကုတ်မြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မဲရှုံးနိမ့်မှုနှင့် ဆက်စပ်နေကြောင်း တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၏ အောင်နိုင်ရေးကိုယ်စားလှယ်က သုံးသပ် ပြောဆိုသည်။