ရခိုင်ပြည်နယ်၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် Covid-19 ပိုးတွေ့လူနာတစ်ဦး ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်တွင် သေဆုံးသွားသည်ဟု ကျောက်ဖြူဆေးရုံအုပ်ကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အဓိကပြိုင်ဘက်ပါတီများဖြစ်သည့် NLD ပါတီကို မဲ၁၀၀၀ ကျော်၊ ရခိုင်အမျိုးသားပါတီကို မဲ ၄၀၀၀ ကျော်အသာဖြင့် အပြတ်သတ်အနိုင်ရရှိသွားကြောင်း အမ်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဦးလှမြင့်ကပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိနေကြောင်း ယင်းပါတီ (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အနိုင်ရခဲ့သည့် တောင်ကုတ်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ယခုရွေးကောက်ပွဲ မဲရလဒ်များအရ ရခိုင်အမျိုးသားပါတီ (ANP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကအနိုင်ရသွားကြောင်း ယင်းပါတီမှ သိရသည်။