၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရခိုင်ပြည်နယ်အတွင်း၌ Quarantine ဝင်နေသူများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက်အချို့တွင် တံဆိပ်တုံးကြိုတင်ရိုက်ထားကြောင်း စစ်ဆေးတွေ့ရှိသောကြောင့် အဆိုပါကျေးရွာမှ ကြိုတင်မဲပေးခဲ့သူဦးရေ ၃၀၀ ကျော်၏ မဲများကို ပယ်ဖျက်လိုက်ပြီး၊ ယင်းကျေးရွာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကိုလည်း တာဝန်မှရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စုတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁) တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် မဲလက်မှတ်အမှန်ပေါ်တွင် မဲဆန္ဒရှင်များ နောက်တစ်ကြိမ်မဲပြန်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဆုံးဖြတ်လိုက်ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စုတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင်း မဲလက်မှတ်အမှန်ပေါ်တွင် မဲဆန္ဒရှင်များ နောက်တစ်ကြိမ်မဲပြန်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဆုံးဖြတ်လိုက်ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော မရာမာကြီးတိုင်းရင်းသားများမှာ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး ကျပ်တည်းနေသဖြင့် အကူအညီများလိုအပ်နေကြောင်း ပြောဆိုကြသည်။