ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့တွင် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင် ၄၄၁၈၉ ဦး ကြိုတင်မဲ ပေးခဲ့ကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ စာရင်းအရသိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့တောင်ငူရပ်ကွက်နေ ဦးကျော်လှစိန် (၆၄) နှစ်သည် နိုင်ဝင်ဘာ ၄ ရက်နေ့တွင် ဂဏန်းမြှုံးထောင်နေချိန် တပ်မတော်က ပစ်ခတ်လိုက်၍  သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည့် စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ရွာသား ၄ ဦးမှာ နိုဝင်ဘာလ (၄)ရက်နေ့၊ ညနေပိုင်း(၆)နာရီအချိန်ခန့်က နေအိမ်ကိုဘေးကင်းစွာ ရောက်ရရှိလာပြီဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မဲရုံများတွင် လေ့လာစောင့်ကြည့်မှုများပြုလုပ်ရန် အခက်အခဲများရှိနေကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေး အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ ပြုန်းတီးစပြုနေပြီဖြစ်သော ဒီရေတောများကို ဒိန်းမတ်နိုင်ငံမှ ကူညီထောက်ပံ့ထားသည့် ကန်ဒေါ်လာ ၅ဒဿမ ၅သန်း အသုံးပြုကာ ပြန်လည်ထိမ်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရေဝေရေလဲ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။