ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်သော မြောက်ဦးယဉ်ကျေးမှုနယ်မြေမှာ COVID -19ကြောင့် ယူနက်စ်စကို (ကုလသမဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့- UNECSO)၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ဝင်ရောက်ရေးအတွက် နှောင့်နှေးမှုများ ရှိနေကြောင်း အဆိုပါ အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲပြင်းထန်နေသော မြို့နယ်များတွင် မိုးစပါးများရိတ်သိမ်းချိန် ရောက်ကြပြီဖြစ်သော်လည်း မရိတ်သိမ်းနိုင်ဖြစ်နေကြကြောင်း လယ်သမားများက ဆိုကြသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်နီးပါးကြာမြင့်လာသည်နှင့်အမျှ ရခိုင်တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂၃၆,၂၂၉ ဦးထိ ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က နိုဝင်ဘာလ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများထဲမှ နိုဝင်ဘာလ ၃ ရက်နေ့အထိ သေဆုံးသူ (၁၈)ဦး ရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းတချို့၏ နှောက်ယှက်ဖိအားပေးမှုကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုကို နှောင့်နှေးစေသည့်အပြင် တချို့ဒေသများ၌ ဒီမိုကရေစီ၏အရေးပါသည့် မဲပေးခွင့်ကို တိုင်းရင်းသားများ ဆုံးရှုံးခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။