ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းကျည်စထိမှန်ခဲ့သည့် အဝေးသင်ကျောင်းသူ မနှင်းယုလှိုင်မှာ ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း မိသားစုဝင်များက ဆိုကြသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံများကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း ဒေသခံများက DMG သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ကြိုတင်မဲလက်မှတ်များ မှားယွင်းနေမှုကြောင့် မဲလက်မှတ်အသစ်များတွင် ပြန်လည်မဲပေးနိုင်ရန်စီစဉ်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အထိ ကန့်ကွက်စာပေးပို့ထားကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအလွန်ကာလ၌ စစ်ရေး၊နိုင်ငံရေးအခြေအနေများကြောင့် စီးပွား ရေး အခက်အခဲများ ပေါ်ပေါက်လာနိုင်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်အစီအစဉ်များ ရေးဆွဲ ပြင်ဆင်ထားသင့်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ AASC မှ နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ကိုးမြို့နယ်နှင့် တခြားမြို့နယ် လေးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု တချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ကြေငြာချက်သည် ရခိုင်အမျိုးသားပါတီ(ANP)ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းလိုက်ရာရောက်ကြောင်း ၎င်းပါတီက နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ခဲ့သည်။